27 C
Yangon

ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

Must read

ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ကောလင်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသော သောင်းနှင့်ချီသော ပြည်သူများသည် ကောလင်းမြို့နယ် အနောက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ခန့်ရှိပြီး အစားအစာ၊ ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကာ စစ်ဘေးရှောင် ပြည်သူများတွင် ကိုယ်ဝန်သည်၊ မသန်စွမ်းနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

“မြိုရဲ့ လူဦးရေ တော်တော် များများ ရှောင်လာရတော့ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့တွေအနေနဲ့လည်း တော်တော်ကြိုးစားလုပ်ကိုင်ပေးနေကြပေမယ့် အကူညီတွေ လိုအပ်နေပါတယ်။ အခြေခံအစားအစာ၊ ဆန်၊ ဆီ၊ ဆား သာမက အဝတ်အထည် မိုးကာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ‌ လိုအပ်နေပါတယ် အဲ့ထဲမှာက ကိုယ်ဝန်သည် မသန်စွမ်းနဲ့ ကလေး သူငယ်တွေလည်း ပါဝင်နေပါတယ်။ လူဦးရေက ၂၀၀၀၀ ကျော်လောက်ရှိတယ်” ဟု ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article