30 C
Yangon

မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွား ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ၍ ဘုန်းကြီးကျောင်း ပျက်စီး

Must read

မိုးကုတ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွား ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ၍ ဘုန်းကြီးကျောင်း ပျက်စီး

ရန်ကုန်၊ ဇွန် ၂၃

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် TNLA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က မိုင်တိုင် အမှတ် ၅ မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် မိုင်တိုင်အမှတ် ၇ အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က မိုးကုတ်မြို့နယ် အထက်ပိန်းပြစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ရွာဘုန်းတော်ကြီးကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ အလားတူ ယမန်နေ့ ဇွန်လ

၂၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန် အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် အထက်ပိန်းပြစ်ရွာသို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက အရပ်သားပြည်သူများနှင့် ရဟန်းသံဃာတော်များ ဘာသာရေးအဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထု ထိခိုက်မှု မရှိသော်လည်း ကျေးရွာထဲသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article