31 C
Yangon

ဝှေခါ-အင်းတော်ကြီး လမ်းပိုင်းရှိ စစ်တပ်၏ ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်၊ ညောင်ပင်စခန်းနှင့် ချောင်းဝ စခန်းကို ဆက်လက် တိုက်ခိုက်နေ

Must read

ဝှေခါ-အင်းတော်ကြီး လမ်းပိုင်းရှိ စစ်တပ်၏ ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်၊ ညောင်ပင်စခန်းနှင့် ချောင်းဝ စခန်းကို ဆက်လက် တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီးရှိ ဝှေခါ -အင်းတော်ကြီး လမ်းပိုင်းတွင်ရှိသော အကြမ်းဖက် စစ်တပ်၏ ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဝှေခါ -အင်းတော်ကြီး လမ်းပိုင်းတွင်ရှိသော အကြမ်းဖက် စစ်တပ်၏ ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကျန်ရှိနေသော ညောင်ပင်စခန်းနှင့် ချောင်းဝ စခန်းတို့ကိုလည်း KIA ပူးပေါင်း တပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရှိရသည်။

“၆ နာရီ ၄၅ မိနစ်မှာ ဝှေလုံစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေ အပြီးအစီး တိုက်ခိုက် သိမ်းပိုက်လိုက်ပါပြီ ညောင်ပင်စခန်းနဲ့ ချောင်းဝ စခန်းကို ဆက်လက် တိုက်ခိုက်နေပါတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article