24.9 C
Yangon

ရခိုင်ပြည်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်ထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီကလည်း စစ်သင်္ဘောများစွာ စေလွှတ်ပြီးခုခံနေ

Must read

ရခိုင်ပြည်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်ထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီကလည်း စစ်သင်္ဘောများစွာ စေလွှတ်ပြီးခုခံနေ

ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီး သံတွဲလေဆိပ်အတွင်းဘက်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာနိုင်ကြောင်း၊ သံတွဲလေဆိပ်နှင့် ပတ်ဝန်းကျင်တချို့နေရာတွင် AA က ကြီးစိုးထိန်းချုပ်ထားကြောင်း၊ သို့ရာတွင် နှစ်ဖက် တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

သံတွဲလေဆိပ်ကို သိမ်းပိုက်မှု ရှိ၊ မရှိကို AA က တရားဝင် သတင်းထုတ်ပြန်ချက် တစုံတစ်ရာ မရှိသေးသော်လည်း ဒေသပြည်သူများကမူ သံတွဲလေဆိပ်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် AA တပ်များက နေရာယူထားသည်ဟုဆိုကြသည်။

” မနေ့ကတည်းက သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို တပ်တော်က သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ လေဆိပ်သိမ်းရင်တော့ ၅၆၆ တပ်ရင်းကိုပါ သိမ်းရမယ်။ လေဆိပ်နဲ့ ၅၆၆ တပ်ရင်းက ကပ်လျက်ဆိုတော့လေ။ ဒီနေ့ မနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကိုဖြတ်လာပြီး ဇီးဖြူကုန်းတံတားအကျော် နတ်ရေကန် ငပလီဈေးနားသို့ ရောက်လာပြီလို့ သိရပါတယ်။ ငပလီလမ်းဆုံမှာရှိနေတဲ့ ခလရ ၅၅ တပ်ရင်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် အတည်ပြုဖို့တော့ ခက်ဦးမယ်။ ဖုန်းလိုင်းတွေက အားလုံးဖြတ်တောက်ခံထားရတော့လေ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော သံတွဲလေဆိပ်နှင့် ကပ်လျက် ခလရ ၅၆၆ နှင့် ခလရ ၅၅ တပ် ရင်းတို့ကိုမူ AA က ဆက်လက်တိုက်ခိုက်ရန်ရှိနေကြောင်း ၊ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ ခုခံနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းသံတွဲလေဆိပ်၊ ဇီးဖြူကုန်း၊ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းအနီးတဝိုက် တိုက်ပွဲဆက်လက်ဖြစ်နေကြပြီး စစ်ကောင်စီတပ်၏ စစ်သင်္ဘောများ နှင့် မောင်ရွှေလေးရေတပ်တို့က လက် နက်ကြီးများ၊ ဒုံးကျည်များ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article