24.8 C
Yangon

MDY-PD အထူးလှုပ်ရှားတပ်မ က ၄ လတာ ပြန်လည်စုဖွဲ့လေ့ကျင့်မှု ပြီးမြောက်၊ မိတ်ဖက်အဖွဲ့များနှင့်အတူ စစ်ဆင်ရေးများ အပြည့်အဝ ဖော်ဆောင်မည်ဟု အသိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၇

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ အထူးလှုပ်ရှားတပ်မသည် တပ်တစ်ခုလုံး အတိုင်းအတာဖြင့် ၄ လတာ ကာလပတ်လုံး ပြုလုပ်ခဲ့သည့် ပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းနှင့် စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ၄ လတာ ကာလအတွင်း အထူးလှုပ်ရှားတပ်မအနေဖြင့် ပြန်လည်စုဖွဲ့လေ့ကျင့်မှု သင်တန်းအပတ်စဉ် ၂ ခုအပြင် အခြားသော စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကိုပါ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကာ ရှေ့ဆက်ထမ်းဆောင်ရမည့် တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အပြည့်အဝ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခင် ပြန်လည်စုဖွဲ့လေ့ကျင့်မှု ပြုလုပ်နေသည့် ကာလအတွင်း စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ ပြင်ဆင်မှုများ ပြီးမြောက်ပြီဖြစ်၍ မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်၍ အပြည့်အဝ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အထူးလှုပ်ရှားတပ်မ အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲများကို မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article