25.1 C
Yangon

တောင်တွင်းကြီးနှင့်စဉ့်ကူးမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီရပ်ကျေးဥက္ကဋ္ဌနှင့် ရပ်ကွက်ရုံး စာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

တောင်တွင်းကြီးနှင့်စဉ့်ကူးမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီရပ်ကျေးဥက္ကဋ္ဌနှင့် ရပ်ကွက်ရုံး စာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၄

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရပ်ကျေး စာရေးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ ၁၁ နာရီ ၅ မိနစ်အချိန် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအပိုင်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ညာဂမိုးကျေးရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းနှင့် ရပ်ကျေးစာရေး ဌေးဌေးမြင့်တို့ကို သေနတ်သမားများက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့ မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကျည်တောက်ပေါက်ကျေးရွာတွင် ကြံ့ဖွတ်ပါတီ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်၊ မဘသ YMBA အဖွဲ့ဝင်လည်းဖြစ်သူ ကျော်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီအချိန်ခန့် ကျည်တောက်ပေါက်ကျေးရွာတွင် ဟန်ထွန်းကွန်ကရစ်လုပ်ငန်းပိုင်ရှင် ကြံ့ဖွတ် ရပ်ကျေးဥက္ကဋ္ဌ နှင့် YMBA အဖွဲ့ဝင် ကျော်ဆွေကို သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ရာမှ ကျော်ဆွေ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article