ဒီကနေ့ ဇွန် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်က သံတွဲလေဆိပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်လိုက်ပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသပြည်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် စစ်ကောင်စီကို သပိတ်မှောက်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှာ တစ်နိုင်ငံလုံးက သံဃာတော်တွေ ပါဝင်ကြဖို့ ယုံကြည်ထားတယ်လို့ ချောင်းဦးမြို့နယ် သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်မှာရှိတဲ့ နံ့သာရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် သံဃာ ၁ ပါး အပါအဝင် ကလေးသူငယ်နဲ့ အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးသွားခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
