29.2 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Fire Dragon PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ မှ ထွက်လာသော အကြမ်းဖက်စစ်သားများကို ဆွဲဒလွဲအနီးတွင် ကင်းပုန်းစောင့်ပစ်ခတ်ခဲ့ရာ ရှေ့ဆုံး မှ တက်လာသော တိုက်ကင်းအကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ထပ်မံထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

“ပုဇွန်မြောင်း ဆွဲဒလွဲမှာဖြစ်တာပါ။ ကျနော်တို့ကင်းပုန်းနဲ့ စခတိုက်ကင်းနဲ့တွေ့တာ။ ထိပ်ဆုံးက တက်လာတဲ့သူ စစ်ခွေး ၃ ဦးလဲကျသေတယ်။ တက်လာတဲ့အင်အားကတော့ အတော်များတယ်။ တိုက်ခိုက်ပြီး စစ်ခွေးတွေ အပြင်ထွက်မလိုက်လာပါဘူး” ဟု Fire Dragon PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Fire Dragon PDF – မီးနဂါးအဖွဲ့ ကင်းပုန်းအဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article