26.5 C
Yangon

မြင်းမူမြို့ပေါ်နှင့် အုတ်ဖိုမြို့နယ်တွင် စစ်တပ် ကင်းလှည့်ကားများနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်၏ ကင်းလှည့်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ထိခိုက် ပျက်စီးပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Dog Killers People’s Defence Force Myinmu (DK PDF-MMU) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်အချိန်တွင် မြင်းမူမြို့ပေါ်၌ အကြမ်းဖက် စစ်သားများ အင်အား အပြည့်လိုက်ပါလာသည့် ကင်းလှည့်ကား ၄ စီးအနက် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ ပထမ ကားမှာ ကားနောက်ခြမ်းထိပြီး ဒုတိယကားမှာ ကားခေါင်းပိုင်း ထိမှန်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများကို နေ့စဥ်နှင့်အမျှ ဖမ်းဆီး နှိပ်စက်နေခြင်းများကို လက်မခံနိုင်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု ထိခိုက်မှုမရှိစေရန် စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu (DK PDF-MMU) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ၊ ဝိုင်းစစ်တပ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဝိုင်းစစ်တပ်စခန်းမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ် အစပ် ဖိုးတမံကုန်းရွာနှင့် ညောင်ပင်အိုင်ရွာကြား၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီတပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) ကြို့ ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် PD Fရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article