32 C
Yangon

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်နှင့် PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံ

Must read

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံနေကြောင်း PNLA က ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ဆီဆိုင်မြို့နယ် အရှေ့ဘက် ထီဆုံကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာ မြောက်ဘက်အရပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပြီး ပြည်သူလူထု၏ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ညနေ ၄ နာရီ မှ ည ၉ နာရီထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ကြောင်း၊ ယင်းတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လွယ်မောတောင်ဒေသရှိ ပအိုဝ်းကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ၁ အိမ်လျှင် ငွေကျပ် ၃ သောင်းကျပ် ကောက်ခံခဲ့ကြောင်းသိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် နှင့် PNO အဖွဲ့က လွယ်မောတောင်ဒေသရှိ ပြည်သူများကို အစည်းအဝေးခေါ်ယူပြီး ရွာအပြင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ရွာပြင် ထွက်ခွင့်ပိတ်ပင်လိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က အသုံးစရိတ်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၃ သောင်း ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးကိုလည်း အကြမ်းဖက်စစ်တပ်နှင့် PNO အဖွဲ့က ဇွန်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ကျားတွန်ကျေးရွာမှ တောင်ရိုး လူမျိုး လူငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ် နှင့် PNO အဖွဲ့က ဖမ်းဆီရာ ၁ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး မိုးထက်နှင့် ကျော်လွင်ဦး ဆိုသည့် လူငယ် ၂ ဦး သတ်ဖြတ်ခံခဲ့ဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article