27 C
Yangon

မောင်တောရှိ ကုလသမဂ္ဂ WFP ကယ်ဆယ်ရေးရိက္ခာများကို စစ်တပ်က ယူ ဆောင်ခဲ့ကြောင်း စစ်ကောင်စီ ဝန်ခံ

Must read

ရန်ကုန်| ဇွန် ၂၇

ရခိုင်ပြည် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ကယ် ဆယ်ရေးရိက္ခာများ သိုလှောင်ရုံမှာ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့က ဖောက် ထွင်းလုယက်ခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း WFP က ထုတ်ပြန်ထားသည်။

မောင်တောမြို့ WFP သိုလှောင်ရုံထဲမှ ရိက္ခာပစ္စည်းများကို စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့ကယူဆောင်ခဲ့ကြောင်း အကြမးဖက် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဇွန်လ ၂၆ ရက်နေ့တွင် ဝန်ခံထားသည်။

” ဒေသခံ မွတ်စလင်တွေ ယူထားတဲ့ ဆန်အိတ်တွေကို WFP ကလည်း ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတာကြောင့် ကျနော်တို့ စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်ဖွဲ့က ရပ်ကွက် ၁, ၂, ၃, ၄, ကညင်တန်းရပ်ကွက် စတဲ့ အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စု တစ်အိတ်စီနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ ” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ကနေ WFP သိုလှောင်ရုံကို မွတ်ဆလင်အချို့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ကာ ဆန်အိတ်အပါအဝင် ရိက္ခာပစ္စည်းများအား ရွှေ့ပြောင်းထားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် အိမ်ထောင်စု ၂၀၀၀ ကျော်ကို ပေးခဲ့ကြောင်း ဇော်မင်းထွန်းက ဝန်ခံထားခြင်းဖြစ်သည်။

မောင်တော WFP သိုလှောင်ရုံထဲမှ ရိက္ခာများ AA လက်ထဲသို့ မရောက်ရှိစေရန် စစ်ကောင်စီတပ်၊ ရဲပူးပေါင်းတပ်ဖွဲ့နှင့် ရိုဟင်ဂျာတချို့ ပူးပေါင်းကာ ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းက လိမ်လည်ထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ ရက် WFP ၏ ထုတ်ပြန်ချက်အရ မောင်တောက သိုလှောင်ရုံမှာ ဖောက်ထွင်းခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့သည်ဟု သိရသည်။

သိုလှောင်ရုံ ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို WFP က ပြင်းထန်စွာ ရှုတ်ချထားပြီး စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်ဟု ဆိုသည်။

အာရက္ခတပ်တော် AA ကလည်း မောင်တောရှိ WFP ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရိုဟင်ဂျာများ ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးသွားသည့် ဗီဒီယိုဖိုင်ကို ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

(FILES) In this file screengrab taken on April 9, 2021 via AFPTV and taken from a broadcast by Myanmar Radio and Television (MRTV) in Myanmar shows junta spokesman Brigadier General Zaw Min Tun speaking during a live press conference organised by the military government in Naypyidaw. – Myanmar’s junta threatened on October 25 to skip an ASEAN summit after the bloc said its chief could not attend over doubts of the military government’s commitment to defusing a bloody crisis. (Photo by Handout / various sour
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article