29 C
Yangon

ဟဲဟိုးမြို့တွင် စစ်မှုထမ်းမည့် သူများကို ထောက်ပံ့ရန်အတွက် ၃ လတစ်ကြိမ် အလှူငွေ ၁ သောင်းမှ ၃ သောင်းအထိ တောင်းခံ

Must read

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် စစ်မှုထမ်းမည့်သူများကို ထောက် ပံ့ရန်အျွှွက် ၃ လတစ်ကြိမ် အိမ်ထောင်စုတစ်စုလျှင် အလှူငွေ ငွေကျပ် ၁ သောင်းမှ ၃ သောင်းကျပ်အထိ ပေးရမည်ဟု အစည်းအဝေး ခေါ် ယူ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ဟဲဟိုးမြို့၊ မြို့လယ်ဓမ္မာရုံတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများကို မလာမနေရအဖြစ် စစ်တပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အစည်းအဝေးခေါ်ယူခဲ့ပြီး စစ်မှုထမ်းမည့်သူများကို ထောက် ပံ့ရေး အလှူငွေ ကောက်ခံမည်ဟု ခြိမ်း ခြောက် ပြောဆိုလာကြောင်း သိရှိရသည်။

“ဟဲဟိုးမြို့မှာ ရပ်ကွက် အလိုက် စစ်မှူထမ်းဖို့၊စစ်မှူထမ်းတွေကို ထောက်ပံ့ဖို့၊ စစ်ထဲ မဝင်ချင်တဲ့သူတွေကို စစ်သားဌားရမ်းဖို့အတွက် ပိုက်ဆံကောက်ပါတယ်။ ထည့်ရမယ့် ငွေပမာဏက ရပ် ကွက် အလိုက်ကွဲပြားပါတယ်။ ၃ လ တစ် ကြိမ် မဖြစ်မနေ ထည့်ဝင်ရပါမယ် လို့ ပြောပါတယ်။ စစ်ထဲ မဝင်ချင်တဲ့သူတွေအတွက် စစ်သားဌားရမ်းပါက သိန်း ၅၀ ပေးရမယ် လို့လည်း ကြားသိရပါတယ်။ ပြီးခဲ့တဲ့၃လက အဆင်မပြေလို့ ပိုက်ဆံ မထည့်လိုက်ရတဲ့ အိမ် ထောင်စုက ဒီတခေါက်မှာ ပိုက်ဆံပေါင်းပြီးထည့်ရမယ်ပြောတယ်။ ပြည်သူတွေမှာ အဆင်မပြေမယ့်လည်း မဖြစ်မနေ ငွေပေးရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းနေတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းများအတွက် အလှူငွေ ကောက်ခံရာတွင် ဟဲဟိုးမြို့၊ အလယ်ပိုင်း ၁ ရပ်ကွက်နှင့် အလယ်ပိုင်း ၂ ရပ်ကွက်မှ ပြည်သူများက ၃ လတစ်ကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သောင်းကျပ်ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဟဲဟိုးမြို့၊ အလယ်ပိုင်း ၃ ရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ နန်းကုန်းရပ်ကွက်များမှ ပြည်သူများမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သောင်း ၃ လတစ်ကြိမ် ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့ ဟဲဟိုးမြို့ ဓမ္မာရုံတွင် ခေါ်ယူခဲ့သည့်အစည်းအဝေးသို့ ရဲများက အပြင်မှ စောင့်ကြပ်ပြီး ထွေ/အုပ် စာရေးမက စာရင်းပြုစုခြင်း၊ ဓာတ်ပုံခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းအစည်းအဝေးသို့ စစ်တပ်၊ ထွေ/အုပ်၊ရပ်ကွက်လူကြီး၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article