29 C
Yangon

နောင်ချိုမြို့နယ် အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်း၊ တပ်မ ၃၃ တပ်စခန်းတို့ကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိ

Must read

မိုးကုတ် ၊ ကျောက်မဲနှင့်နောင်ချိုတို့တွင် စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်း၊ တပ်မ ၃၃ တပ်စခန်းတို့ကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်း ပိုက်ရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၀ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တအာင်းတပ် TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့အတူ ယနေ့ နံနက် ၁၁ နာရီ ၁၄ မိနစ် TNLA က ထိုးစစ်ဆင် တိုက် ခိုက်နေသည့် စစ်ကောင်စီတပ်ရင်း (၁၁၄)တပ်စခန်းကို စစ်ကောင်စီမှ Y-12 လေယာဉ်၊ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် ၁၁ နာရီအချိန် စစ်ကောင်စီတပ်ရင်း အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ် Y-12 လေယာဉ်ဖြင့် စစ်တပ်က လာရောက် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း ရွာရှိ စစ်ကောင်စီ၏ တပ်မ ၃၃ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်တို့က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့၊ ည ၁၀ နာရီ အချိန် နောင်ချိုမြို့ ရှိ TNLA က သိမ်းပိုက်ထားသော ခမရ ၁၁၅ တပ်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် မိုးကုတ်မြို့ နယ်တွင် TNLA က သိမ်းပိုက်ထားသော စလောင်တောင်နှင့် အုပ် ဆောင်း တောင်တို့ကိုလည်း စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုနယ် အေး စေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ လပခ၊ ခလရ- ၂၄၈တပ်စခန်းကို TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ် အချိန် ကျောက်မဲမြို့နယ်တွင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်တို့ကိုလည်းကောင်း ထိုးစစ်ဆင်ခဲ့ပြီး စည်ပင် ဘုန်းတော်ကြီးကျောင်း နှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက် ကျောက်မဲမြို့နယ်တွင် လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ၆၀မမ ၂ လက်၊ စက်လတ် ၆ လက်၊ RPG-7 ၂ လက်၊ စနိုက်ဘာ ၁ လက်၊ ပစ္စတို ၅ လက်၊ မိုင်း ၅ လုံး၊ ၆၀မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article