30 C
Yangon

မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ၊ ဘုန်းကြီးကျောင်း ၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing ဒရုန်း ဖြင့် ၁ ကြိမ် ၆၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့ တစ်ကြိမ်ချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပဲ ပစ်ခတ်ခဲ့တာ၊ လက်နက်ငယ်နဲ့ အပြန်အ လှန်ပစ်ခတ်တာမျိုးမရှိခဲ့ဘူး။ သူတို့ဘက်ကလည်း ၄၀ မမနဲ့ တော့ ပြန်ပစ်တာရှိတယ်။ သေတဲ့ ဗိုလ် က ဗိုလ်အဆင့်လို့ပဲ သိရတယ်၊ တပ်စွဲထားတာက ကြာပါပြီ။ အာ ဏာသိမ်းစကတည်းက အဲဒီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦးသေဆုံးပြီး မြင်းခြံမြို့ပေါ် မှ ဖောကား ၂ စီးဖြင့် အလောင်းများကို လာရောက်သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article