30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် အဲ့ဒီ့ ထိုးစစ်ကို ဟန့်တားပေးပါဆိုပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို အသိပေး တိုင်ကြားတောင်းဆိုလိုက်ပြန်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ုကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက ထိုင်းဘဏ်တွေကနေ တစ်ဆင့် စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း တွေ ဝယ်ယူနေပြီး ၂၀၂၃ ခုနှစ်မှာပဲ ဒေါ်လာ သန်း ၁၃၀ နီးပါး ဝယ်ယူခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့မှာပဲ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
  • မြန်မာနိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာှရိတဲ့ စူပါမားကတ်တွေ ၊ စျေးဝယ်စင်တာတွေမှာ သိုလှောင် ထားတဲ့ ဆန်တွေကို စစ်ကောင်စီက သူတို့ သတ်မှတ်ထားတဲ့ ဈေးနဲ့ ရောက်ချဖို့ ခိုင်းပြီး ၊ နေ့စဉ် အရောင်းအဝယ်စာရင်း ပါ ပေးခိုင်းနေတဲ့အပြင် ပိုင်ရှင်နဲ့ လုပ်ငန်းရှင်တွေကို ခံဝန်လက်မှတ်ပါ ထိုးခိုင်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article