26 C
Yangon

မြို့သစ်မြို့နယ်တွင် လေယာဉ်ဆီ သယ်ယူပို့ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၈

မကွေးတိုင်း၊ မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာနရုံး အနီးတွင် လေယာဉ်ဆီလာရောက်ပို့ဆောင်သည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကား ၂ စီးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ဖိုးခွားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် နေပြည်တော်မှ မကွေးမြို့သို့ လေယာဉ်ဆီလာရောက်ပို့ဆောင် သည့် ဆီဘောက်ဆာကား ၅ စီးနှင့် လုံခြုံရေးအဖြစ်လိုက်ပါလာသော အကြမ်းဖက်စစ်သား ၂၀ ခန့် ပါ ကားတစ်စီးကို မြို့သစ်မြို့နယ် ငါးခူအိုင်ကျေးရွာနှင့် ဇီးလုံးဘော့ကျေးရွာကြား သစ်တောဦးစီးဌာန ရုံးအနီးအရောက် မိုင်း ၈ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆီဘောက်ဆာကားတစ်စီးနှင့် လုံခြုံရေးစစ် သား များလိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်သွားပြီး အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“မိုင်း ၈ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ မိုင်းဆွဲခံရပြီးတော့ နောက်ရက်မှာ နေပြည် တော်ဘက်ကို ပြန်ဆုတ်သွားတာ၊ အခုတော့ စစ်ကြောင်းထိုးလာပြီး ရွှေဗန်းမြောက်ဘက် တောင်တန်းပေါ်မှာ အ ထိုင်ချ ရွာတွေဘက်ကို ရမ်းသမ်းပစ်နေတယ်။ တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေးတွေ အခြေအနေ အတော် ရှုပ်နေတယ်” ဟု တိုက် ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ဖိုးခွား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉၀၃ တပ်ရင်း၊ တပ်ခွဲ ၃ တိုက် ဒေါင်းပြည်သူ့ကာရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းဆွဲခံထားရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article