31 C
Yangon

ပြည်တွင်းတွင် ဆေးဝါးများ ပြတ်လပ်နေသဖြင့် ဆေးဝါးစျေးနှုန်းများ ၁၀ ဆကျော်မြင့်တက်ပြီး ကျောက်ကပ်ဆေးသည့် ဆေးရည် ပြတ်လပ်မှုများ ဖြစ်ပေါ်

Must read

ပြည်တွင်းတွင် ဆေးဝါးများ ပြတ်လပ်နေသဖြင့် ဆေးဝါးစျေးနှုန်းများ ၁၀ ဆကျော်မြင့်တက်ပြီး ကျောက်ကပ်ဆေးသည့် ဆေးရည် ပြတ်လပ်မှုများ ဖြစ်ပေါ်

ရန်ကုန်၊ ဇွန် ၂၉

မြန်မာနိုင်ငံ၏ ဆေးဝါးစျေးကွက်တွင် ပြည်ပမှ ဆေးဝါးများ တင်သွင်းရန် ဒေါ် လာရှားပါးလာမှုနှင့် စစ်ကောင်စီ၏ အမျိုးမျိုးသော နိုင်ငံခြားငွေကြေး ထိန်း ချုပ် မှုများကြောင့် ဆေးဝါးများ ပြတ်လပ်နေပြီး ဆေးဝါးစျေးနှုန်းများ ၁၀ ဆကျော် မြင့်တက်လာကြောင်း ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီတချို့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ ငွေကြေးအသုံးပြုမှု ကို အလွန်တင်း ကျပ်စွာ ထိန်းချုပ်ထားသည့်အပြင် ဆေးဝါးများ တင်သွင်းရန်အတွက်လည်း ဗဟိုဘဏ်က ဒေါ်လာ ရောင်းချပေးမှု မရှိကြောင်း၊ ပြင်ပစျေးကွက်မှ ဒေါ်လာ ဝယ်ယူ၍ ဆေးဝါးများ တင်သွင်းရန်မှာလည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံခြားငွေဆိုင်ရာ ထိန်းချုပ်သော စည်းကမ်းအမျိုးမျိုး ချမှတ်နေခြင်းကြောင့် အဆင်မပြေကြောင်း၊ ထို့ကြောင့် ပြည်တွင်းသို့ ဆေးဝါး တင်သွင်းမှု နည်းပါးလာပြီး ဆေးဝါးများ ပြတ်လပ်လာကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဆေးဝါးစျေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရသည်။

“ဆေးဝါး ပြတ်လပ်နေတဲ့အထဲမှာ အခုအဆိုးဆုံးဖြစ်နေတာက ကျောက်ကပ်ဆေးတဲ့ဆေးဝါပစ္စည်းတွေပြတ်လပ်နေတယ်။ ကျောက်ကပ်နာတာရှည်လူနာများဒုက္ခရောက်နေကြပါတယ်။ အထူးသဖြင့်hemodialysis fluid A and B ဆေးရည် ပြတ်လတ်နေတာ။ အဲဒီစျေးပြတ်တော့ ကျောက်ကပ်ဆေးတဲ့စင်တာတွေပါ ယာယီပိတ်ထားရတယ်။ အဲဒီဆေးရည် စျေးတက်တော့ ကျောက် ကပ် ဆေးခတွေပါ စျေးတက်နေပါတယ်” ဟု ဆေးဝါးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ဆေးဝါးစျေးကွက်တွင်လည်း ဆေးဝါးစျေးနှုန်းများ မြင့်တက်လာကြောင်း၊ ဥပမာအားဖြင့် ယခင်က ပျှမ်းမျှ ၁၀ လုံးတစ်ကတ်လျှင် ၁၂၀၀၀၊ ၁၃၀၀၀ ဝန်းကျင်သာရှိသော ဆေးဝါး အမျိုးအစားများသည် ၁ သိန်းကျော်အထိ စျေးတက်လာကြောင်း၊ ယခင်က ၇၀၀၀ ဝန်းကျင်သာရှိသော ဆေးဝါးများသည် ၆၀၀၀၀ ကျော်အထိ စျေးတက်လာကြောင်း၊ အဓိကအားဖြင့် စျေးကွက်တွင် ပြည်ပမှ တင်သွင်းနိုင်သော ဆေးဝါး အရေ အတွက် အလွန်လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဆီးချို၊ သွေးတိုးသမားများ နေ့စဉ် သောက်သုံးရသည့် သွေးထိန်းဆေးနှင့် ဆီးချို ထိန်းဆေးဝါးများမှာလည်း စျေးကွက်အတွင်း ပြတ်လပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article