28 C
Yangon

အသွင်ပြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ဆုံးရှုံးထားသော နယ်မြေများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်တိုက်ခိုက် သိမ်းယူရေး ကာ/လုံအစည်းအဝေးတွင် ညွှန်ကြားခဲ့ပြီး ယင်းညွှန်ကြားချက်ကို သတင်း မထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၇

အသွင်ပြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ဆုံးရှုံးထားသော နယ်မြေများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်တိုက်ခိုက် သိမ်းယူရေး ပါဝင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် ရရှိရေး ဆောင်ရွက်ရန် ညွှန်ကြားပြောဆိုခဲ့ပြီး စစ်ရေးအရ လိုအပ်သည့် အင်အားများကို သုံးစွဲကာ နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းယူရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ဧပြီလ ၂၁ ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်း အဝေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများကိုသာ သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဆုံးရှုံးထားသော နယ်မြေများကို စစ်ရေးအရ အမြန်ဆုံး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရယူရန် ဆွေးနွေး ညွှန်ကြားမှုကို ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။

“ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ လိုအပ်တဲ့ စစ်အင်အားကို သုံးစွဲဖို့၊ နဂိုချမှတ်ထားတဲ့ စစ်ဆင်ရေး(ရန်နိုင်မင်း စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေး) တွေကို အပြည့်အ၀ ဆက်လက်အကောင်အထည်ဖော်ဖို့ အဲဒါတွေ မှာတယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းထုတ်ပြန်တဲ့အထဲမှာ မထည့်သွင်းထားဘူး။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးတွေကိုပဲ ဖော်ပြထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ဧပြီလ ၂၁ ရက်နေ့ ကာ/လုံအစည်းအဝေးအပြီး စစ်တပ်က မကွေး၊ ချင်း၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်ဘက်သို့ စစ်အင်အား အကြီး အကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်လာပြီး လေကြောင်းတိုက်ခိုက်မှုများကိုလည်း အုပ်စုဖွဲ့၍ ဗုံးကျဲမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း စစ်ဆင်ရေး သာလွန်အင်အား၊ ကြည်းကြောင်း စစ်ကြောင်းများဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် တကြောသို့ စိုးမိုးမှု ရရှိရေးအတွက် ထိုးစစ်များ ပြင်ဆင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article