26 C
Yangon

ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေ မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေ မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေကို မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နဂါနီးပြောက်ကျား တပ်ဖွဲ့ မြင်းခြံ က ငါန်းဇွန်-မြို့သာ လမ်းပိုင် မြို့သာနယ်အတွင်း ကင်းပုန်းဝပ် စောင့်ဆိုင်နေစဉ် ငါန်းဇွန်း မြို့နယ်မှူး ရဲမှူး သက်ဆွေနှင့် ၎င်း၏ နောက်လိုက်များက အရပ်ဝတ်ဖြင့် ဆိုင်ကယ် စီးနင်းလာကာ မြို့သာစက်မှုဇုံ အတွင်းမှနေ ထွက်ခွာလာကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် နဂါနီးပြောက်ကျား တပ်ဖွဲ့ မြင်းခြံ မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ရဲမှူး သက်ဆွေ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ နောက်လိုက် ဖြစ်သူများ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ရဲမှူး သက်ဆွေထံမှ G-3 သေနတ် ၁ လက် ၊ 7.62 ကျည် ၁၂ တောင့် ၊ လက်ပစ်ဗုံး ၃ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး ၊ လက်ရိုက်တုတ် ၁ ချောင်း ၊ မှတ်ပုံတင် ဓာတ်ပုံများနှင့် စာရွက်စာတန်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article