27 C
Yangon

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ထောင်ချီသော စစ်သည်အသစ် များကို ရှမ်းမြောက်၊ ချင်း၊ ကရင်နီနှင့်ကချင် အပါအဝင် ရှေ့တန်းစစ် မျက်နှာပြင်များသို့ ပို့ဆောင်မှု မိဘများကို အသိမပေး

Must read

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ထောင်ချီသော စစ်သည်အသစ် များကို ရှမ်းမြောက်၊ ချင်း၊ ကရင်နီနှင့်ကချင် အပါအဝင် ရှေ့တန်းစစ် မျက်နှာပြင်များသို့ ပို့ဆောင်မှု မိဘများကို အသိမပေး

ရန်ကုန်၊ ဇွန် ၃၀

အကြမ်းဖက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် အတင်းအကျပ် ခေါ်ယူစုဆောင်းထားသော လူငယ်များကို စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းပို့ချပြီးနောက် နိုင်ငံတစ်ဝန်းရှိ ရှေ့တန်းစစ်မျက် နှာပြင်များသို့ စေလွှတ်နေပြီး ယင်းသို့စေလွှတ်မှုကိုလည်း မိဘများကို အသိမပေးကြောင်း သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင် တန်းဆင်းပွဲများပြုလုပ်ပြီး နောက်ထောင်နှင့်ချီသော စစ်သားများကို ရှမ်းပြည် နယ်မြောက်ပိုင်းလားရှိုးမြို့၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ စစ်တွေ၊ မြစ်ကြီးနား၊ ဖလမ်း၊ ကလေးမြို့ ၊ ဘားအံ၊ ကော့ကရိတ် အစရှိသည့် ရှေ့တန်းစစ်မျက် နှာပြင်များသို့ စေလွှတ် ခြင်းဖြစ်ကြောင်း၊ ယင်းသို့ စေလွှတ်ရာတွင် စစ်သားသစ်များ၏ မိဘများကို အသိမပေးမှုမရှိကြောင်း တပ်သားသစ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မနေ့ကမှသင်တန်းဆင်းလာတဲ့စစ်သားသစ်တွေကို ကားအလုံပိတ်တွေနဲ့ ရှေ့ တန်း စစ်ဆင်ရေးနေရာတွေကိုပို့ပစ်နေပြီ။ ကျနော်တို့ မိဘတွေကိုလည်း အသိမပေးဘူး။ အဲဒါ ကျနော့်သားက အခု ရှမ်းမြောက်လားရှိုးကို အပို့ခံရတယ်။ အဲဒါတောင် လမ်းမှာ ခဏနားတုန်းရတဲ့ဖုန်းနဲ့ လှမ်းဆက်လို့ သိရတာ။ သားပြောပြတာတော့ သူ့သူငယ်ချင်းတွေထဲမှာ တချို့ ဖလမ်း၊ တချို့ ဘားအံ၊ ကော့ကရိတ်၊ တချို့ လွိုင်ကော်ကို ပို့တယ်တဲ့။ ဘယ်ကို ပို့မယ်မှန်းမပြောဘဲ လမ်းတစ် ဝက်ရောက်မှ အသိပေးတာလို့ ပြောတယ်။ သင်တန်းဆင်းပြီးတာနဲ့ ချက်ချင်းပို့တာ။ ရှေ့တန်းသွားခိုင်းတာ။ နောက်တန်း တပ်ရင်းတွေမပို့ဘူးလို့ ပြောတယ်” ဟု သင်တန်းဆင်း တပ်သားသစ်တစ်ဦး၏ မိဘတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုသို့ ပြောဆိုမှုကို တချို့သော တပ်သားသစ်များ၏ မိဘများက အမြင်တူစွာ ပြောဆိုကြပြီး ၎င်းတို့ သားများကို မည်သည့်နေရာသို့ စစ်ကောင်စီက ပို့သည်ကို မသိရှိရဟု ဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလတွင် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်း စတင်ဖွင့်လှစ်ပြီး မြန်မာ နိုင်ငံတစ်ဝန်းတွင် ထောင်နှင့်ချီသော လူငယ်များကို တပ်သားသစ်များအဖြစ် အတင်းအကျပ် အဓမ္မစုဆောင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ဇွန်လ ၂၈ ရက်နေ့ ရန်ကုန်တိုင်း၊ စစ်မှုထမ်းအပတ်စဉ် ၁ မှ သင်တန်း ဆင်း တပ်သားသစ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article