29 C
Yangon

တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ တန့်ဆည်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြို့လည်ခေါင်တွင် သေနတ် ပစ်ဖောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ဆက်တိုက် ဖမ်းဆီးများ လုပ်ဆောင်နေပြီး လက်ရှိချိန်တွင် မြို့ပေါ်နေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ပေါ်တွင် ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားပြီး ကားများဖြင့် ဆက်တိုက် ကင်းလှည့်နေကာ သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရှိသည်။

လက်ရှိချိန်ထိ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ပိတ်မိနေသော ပြည်သူများလည်း နေအိမ် အပြင်ကို မထွက်ရဲဘဲ မြို့ပေါ်တွင် လူသွားလူလာ မရှိတော့ကြောင်း သိရသည်။

“တန့်ဆည်မြို့ပေါ်မှာ တပ်စွဲ အထိုင်ချထားတဲ့ စစ်ခွေးတွေက ၂၈ ရက်နေ့တည်းက ကားတွေနဲ့ပတ်ပြီး မြို့ထဲက လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲနေတယ်လို့ သိရတယ်။ မြို့ထဲကားတွေနဲ့ပတ်ပြီး လက်နက်တွေပစ်ခတ်ပြီး လူငယ်မှန်သမျှ လိုက်ဆွဲဖမ်းဆီးနေတာ ဘယ်နှဦး ပါသွားပြီလဲဆိုတာတော့ ဆက်လက် စုံစမ်းနေတုန်းပဲ မြို့ထဲက ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသလို မြို့ထဲမှာ ပိတ်မိနေကြတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ သိရတယ်။ မြို့ထဲကို နေရာအနှံ့ လိုက်ဖမ်းနေတယ်လို့ပဲ သိထားရသေးတယ်။ ဘယ်ရပ်ကွက်တွေကဆိုတာ မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

တန့်ဆည်မြို့ အနောက်ခြမ်း ရွာသစ်ဘက်၊ တန့်ဆည်မြို့ တောင်ဘက်ခြမ်း မြို့အထွက် ရွှေကတော်ရွာဘက်၊ တန့်ဆည်မြို့ အရှေ့ခြမ်း ကာဘိုးနှင့် ကြားထဲ ရွှေလမ်းဆုံဘက်တို့တွင် ဝါသဝ ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများ အင်အား ၃၀၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရှင်းပြသည်။

“မြို့ထဲမှာ စစ်ခွေးတွေက ဘယ်မှ အထွက်မခံတော့လို့ ပိတ်မိထားကြတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ကြားသိရတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေလဲ ရှိနေတယ်။ မြို့ပေါ်နေ ပြည်သူတွေလည်း ဘယ်မှ သိပ်မထွက်ရဲဘဲ နေအိမ်ထဲမှာပဲ ပုန်းနေကြရတယ်။ စစ်အင်အားဖြည့်တင်းဖို့ လူငယ်တွေကို လိုက်လံဖမ်းနေတယ်လို့ ခန့်မှန်းရပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article