27 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်အခြေစိုက် လက်ရုံးတပ်က ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သည် ၁၂ ဦး တိုက်ပွဲမှာ သေဆုံးခဲ့ပေမယ့် နာရေး တရားဝင် လုပ်ခွင့်မရဘူးလို့ တပ်အသိုင်းအ၀ိုင်းက ပြောပါတယ်။
  • မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်က စစ်ရေးအရအရေးပါတဲ့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို TNLAနဲ့ PLA ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးတပ်တွေကို ခုခံတိုက်ခိုက်နိုင်တာမရှိတော့ဘဲ စခန်းကို စွန့်ခွာ ထွက်ပြေးနေတယ်လို့ People’s Liberation Army – PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ကို တက်လာတဲ့ စစ်ဘေးရှောင်ကားတွေထဲက လိုင်စင်မဲ့ကားတွေကို စစ်တပ်နဲ့ ယာဉ်ထိန်းရဲ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးပြီး တစ်စီးကို ငွေကျပ် ၃ သိန်းနှုန်းတောင်းခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article