30 C
Yangon

ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုများ လုပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြင်ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီအချိန်မှစတင်ပြီး ပြင်ဦးလွင်မြို့ နမ့်ကပ်ရွာဘက်အခြမ်းတွင် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ စစ်တက္ကသိုလ် DSA အတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ဘဲ လိုက်ပစ်နေတာ။ ပျူတွေပြောတာကတော့ လေ့ကျင့်ပြီး ပစ်နေတာလို့ ပြောတယ်။ ဒီနေ့ ည ၈ နာရီကတည်းက ပစ်နေတာ အခု ည ၁၀ နာရီကျော်အထိပဲ ။ သူတို့ ပစ်နေတာက အရင် ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ ရွာနားတွေကို ပစ်နေတာ။ လက်နက်ငယ်သံ ဆက်တိုက်နှင့် လက်နက်ကြီးသံ ၇ ခါလောက် ကြားရတယ်။ အခုထိတော့ လက်နက်ကြီးသံ ၁၀ မိနစ် ၁ ကြိမ် ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပြင်ဦးလွင်မြို့ပြင် ဝက်ဝံအနီးတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုများ၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို ယခုညပိုင်း လုပ်ဆောင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်မြို့တွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးမှ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဆင်းများ ထောင်ချီ ခေါ်ယူထားသည့်အပြင် ပြင်ဦးလွင်မြို့ပေါ်ရှိ ပျူစောထီးများကိုလည်း လက်နက်များ ထုတ်ပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်တွင် ယမန်နှစ် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်နယ်တွင် ယမန်နှစ် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article