28 C
Yangon

ရှမ်းမြောက်တိုက်ပွဲများတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများမဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများ မဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ရမခစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေး၏ ပထမလှိုင်းအတွင်း လောက်ကိုင်ဒကစ အပါအဝင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် ၆ ဦး အပါအဝင် အရာရှိနှင့်စစ်သည် ၄၀၀၀ ကျော် လက်နက်ချ အညံ့ခံမှုများဖြစ်ပွားခဲ့သည့်အတွက် ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ယင်းကဲ့သို့ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် လက်နက်ချအညံ့ခံမှုများ လုံး၀(လုံး၀) မဖြစ်စေရေး အနီးကပ်ကြီးကြပ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရမခ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များတွင် တပ်ရင်းမှူးများက လက်နက်ချ အညံ့ခံခြင်း၊ ထွက်ပြေးခြင်းများ လုပ်ဆောင်ပါက ဖမ်းမိလျှင် ဥပဒေအရ အရေးယူမည်မဟုတ်ဘဲ တစ်ခါတည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သိရှိရသည်။

“စစ်ရုံးဘက်က လက်နက်ချအညံ့ခံမှုတွေ မဖြစ်အောင် အနီးကပ်ကြီးကြပ်ဖို့ပဲ ညွှန်ကြားတာ။ အောက်ခြေမှာတော့ တပ်ရင်းမှူးတွေနဲ့ အရာရှိတွေက စစ်သည်တွေကို လက်နက်ချရင် ထွက်ပြေးရင် ပစ်သတ်မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်” ဟု လားရှိုးအခြေစိုက် ရမခစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မှူးများ၊ အရာရှိကြီးများ၏ ကိုယ်ရေးရာဇဝင်များနှင့် ဆွေမျိုးများ စာရင်းကိုလည်း ထပ်မံ ပြုစုပေးပို့ ညွှန်ကြားပြီး အကယ်၍ လက်နက်ချမှု၊ ထွက်ပြေးမှု ဖြစ်ပွားလျှင် ဆွေမျိုးများအထိပါ ဖမ်းဆီးအရေးယူခံရမည်ဟု သတိပေး ညွှန်ကြားမှုများလည်း ရှိနေကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုအတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက်န မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။

ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ် ဇန်နဝါရီလ လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် ဇန်နဝါရီလ လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article