26 C
Yangon

ဖမ်းဆီးခံထားရသော အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် မင်းအောင်လှိုင်၏ လက်ရုံး တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုး

Must read

ရန်ကုန်၊ ဇူလိုင်၂

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလယ်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် ဖမ်းဆီးစစ်ဆေးခံနေရစဉ်တွင် တပ်တွင်း အပြောင်းအရွှေ့ထပ်မံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလယ်ပိုင်းတိုင်းမှူးအဖြစ် အစားထိုးခန့်အပ်လိုက်သော ဗိုလ်ချုပ်အောင်ခိုင်ဝင်း သည် မင်းအောင်လှိုင်၏ အားကိုးယုံကြည်ရသည့် လက်ရုံးလည်း ဖြစ်ကြောင်း သိရှိရသည်။

” ဗိုလ်ချုပ်အောင်ခိုင်ဝင်းနဲ့ တိုက်ရိုက် လဲလှယ်တာ ။ တချို့တပ်တွင်း သတင်းအရင်းအမြစ်တွေအရ အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်း ဒဲ့ချိန်းတယ်ပြောပေမယ့် ကျွန်တော့် တပ်တွင်းအရင်းအမြစ်ကတော့ ဗိုလ်ချုပ်ကြည်ခိုင်သည် လုံးဝ ပြုတ်တယ်ဆိုတဲ့ အနေအထား၊ ဒါမှမဟုတ်ရင် စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးခံနေရတယ်။ ပြစ်မှု ထင်ရှားရင် စစ်တရားရုံးနဲ့ ပြစ်ဒဏ် ချမှတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာတွင် မတ္တရာ လေကြောင်းရန်ကာကွယ်ရေး တပ်အပါအဝင် စီးနင်းတိုက်ခိုက်ခံရခြင်း ၊ ပြင်ဦးလွင် နားအထိ မဟာအးမိတ်တပ်ဖွဲ့များက ချဉ်းကပ်လာသည့် သဘောရှိ၍ မင်းအောင်လှိုင်သည် သူ ယုံကြည်ရသည့်သူကို တြိဂံတိုင်း မှ အလယ်ပိုင်းသို့ ပြောင်း၍ တာဝန်ပေးခြင်း ဖြစ်ကြောင်း ၊ နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တြိဂံတိုင်းအတွက် တိုင်းမှူး အသစ် မည်သူ့ကို ခန့်အပ်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။

အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တွင် မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ၍ စစ်ဆေးမှုများ အကြိမ် ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ဆရာတော်ကြီးက မိန့်ဆိုခဲ့သည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အလယ်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article