27 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်း တိုက်ပွဲတွေအတွင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်တွေ အနေနဲ့ လက်နက်ချ အညံ့ခံတာတွေ မလုပ်အောင် အနီးကပ် ကြီးကြပ်ကြဖို့ စစ်ကောင်စီက ညွန်ကြားနေပြန်တယ်လို့ ရမခစစ်ဌာနချုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် မြောက်ဦးမြို့က တိုက်ပွဲမှာ သေသွားပြီဆိုပြီး သတင်းထွက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၁၁ တပ်မ မှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဆိုသူဟာ မသေသေးပဲ တရုတ်-မြန်မာနယ်စပ်အထိထွက်ပြေးသွားခဲ့ပြီး ၊ တပ်ကိုလည်း မပြန်ပဲ တိမ်းရှောင်နေတယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်က ကွန်ဒူးကျေးရွာနေ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ဇံမင်း ဆိုသူကို ရေးဘီးလူးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article