27 C
Yangon

မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ် တပ်မှူးများနှင့် လက်နက်ချ အညံ့ခံသော အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက အရေးယူမည်

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ မတ္တရာမြို့ နယ်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF များက တိုက်ခိုက် သိမ်းပိုက်သွားမှုနှင့်ပတ်သက်ပြီး ကွပ်ကဲနေသော စစ်တပ် အကြီးအကဲတပ်မှူးများနှင့် လက်နက်ချ အညံ့ခံသည့် အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက စုံစမ်းစစ်ဆေး အရေးယူရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

ဇူလိုင် ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က မတ္တရာမြို့ နယ်၊ အမှတ် ၁၀၁၄ လေ ကြောင်း ရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း သိမ်း ဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်တကွ သတင်းထုတ်ပြန်လာချိန်တွင် စစ်ကောင်စီက ထိုသို့ စုံစမ်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ တာဝန်ရှိ အကြီးအကဲတပ်မှူးများ၊ လက်နက်ချ အညံ့ခံသော အရာရှိနှင့် စစ်သည်များအားလုံးကို တပ်မတော်ဥပဒေများနှင့်အညီ အမှုဖွင့် အရေးယူရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇွန်လ ၂၆ ရက်နေ့မှာ အမှတ် ၁၀၁၄ လေ ကြောင်းရန် ကာကွယ်ရေးတပ်မှာရှိတဲ့ အရာရှိနဲ့ စစ်သည် ၇၀ ကျော် အဆက် အသွယ်ပြတ်တောက်တယ်လို့ အစီရင်ခံစာ တက်ပြီးကတည်းက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခိုင်းခဲ့တာရှိပါတယ်။ မနေ့က သတင်း ထုတ်ပြန်မှုတွေ ထပ်တက်လာတော့ တပ်ရင်းတစ်ခုလုံးကျဆုံးမှုအတွက် ခုံရုံးဖွဲ့ပြီး ကွပ်ကဲရေး တပ်မှူးတွေနဲ့ လက်နက်ချအညံ့ခံသူတွေကို အရေးယူဖို့ ချက်ချင်း ညွှန်ကြားချက် ရှိပါတယ်။ ဗျူဟာမှူးတွေနဲ့ စစ်ဦးစီးမှူးတွေတော့ စုံစမ်းစစ်ဆေးခံရမယ့် အခြေ အနေရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ရန်သူ့ထံတွင် လက်နက်ချ အညံ့ခံမှုများ မရှိစေရေးအနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် ဇွန်လနှောင်းပိုင်းတွင် အထူး ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပြီးချိန်တွင် ယင်းကဲ့သို့ မတ္တရာမြို့ နယ်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းမှ အရာရှိနှင့် စစ်သည်များ လက်နက်ချ အညံ့ခံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်ဘက်မှ ဖမ်းဆီးရမိ စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ တပ်မိသားစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း ၁၁၇ ဦးခန့်ကိုလည်း ကောင်း မွန်စွာ ထိန်းသိမ်းထားကြောင်း ၊ ထို့ပြင် စစ်တပ်၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ သည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article