32 C
Yangon

Breaking News- လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က ယမန်နေ့ညမှ ယခုအချိန်အထိ လက်နက်ကြီးများဖြင့် ပစ် ခတ်နေ

Must read

လားရှိုးမြို့အနီးရှိ စစ်တပ် ကာကင်းစခန်းတချို့ စတင် အသိမ်းခံရ

ရန်ကုန်၊ ဇူလိုင် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး ပတ်ပတ်လည်တွင် စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်များအကြား တိုက်ပွဲ အပြင်း အထန်ဖြစ်နေပြီး စစ်တပ်က ယမန်နေ့ညမှ ယခုအချိန်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန် လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်းတို့ တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း နမ့်ဖူးယိုင်ရှိ MNDAA တပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ တိုက်ပွဲဖြစ်ပွားမှုမှာ ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လားရှိုးမှာ မနေ့ည ၁၂ လောက်တည်းက လက်နက်ကြီးတွေနဲ့ ထုနေတာ။ အခုအချိန်အထိပဲ။ နောင်မွန်းနဲ့ မန်ဆန်ရေကျဘက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့အဲဒီဘက်တွေကို ပစ်တာလို့ သိရတယ်။ လားရှိုးမြို့ ၄၁ ဂိတ်ဘက်မှာလည်း လက်နက်ကြီးသံတွေ တောက်လျှောက်ပဲ ။ အခုတိုက်ပွဲဖြစ်နေတာက လားရှိုးမြို့ မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်း ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာ။ လားရှိုး-တန့်ယမ်းလမ်းမှာလည်း တိုက်ပွဲဖြစ်နေတယ်” ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့်ပါ ဗုံးကျဲမှုများ ရှိကြောင်း၊ ဒုံးကျည်မစ်ဇိုင်းများလည်း အသုံးပြုနေကြောင်း၊တော်လှန်ရေးတပ်များကလည်း ဒရုန်းများဖြင့် လားရှိုးမြို့ အနီး တိုက်ပွဲဖြစ်ပွားရာနေရာ ပတ်ပတ်လည်ကို ဒရုန်းများဖြင့် ဗုံးကျဲနေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက လားရှိုးမြို့အဝင်၊ အထွက်များအားလုံးကို ပိတ်ထားပြီး ပြည်သူများကို ထွက်ခွင့်မပေးကြောင်း၊ လတ်တလော လားရှိုး-တန့်ယမ်းလမ်းတွင် သစ်ပင်များ ခုတ်လှဲပြီး လမ်းများ ပိတ်ဆို့ထားကြောင်း၊ လားရှိုးမြို့အနီးရှိ စစ်တပ် ကာကင်းစခန်းတချို့ အသိမ်းပိုက်ခံရမှုများရှိနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA တပ်သားများ။

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA တပ်သားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article