27 C
Yangon

လားရှိုးမြို့ပေါ် ရပ်ကွက် ၁ တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် အမှတ် ၁ ရပ်ကွက်တွင် လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီအချိန် လားရှိုး​မြို့ ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက စတင် တိုက်ခိုက်လာပြီးနောက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်၊ ဗျူဟာ၊ သာယာလမ်းအတွင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့သဖြင့် တစ်မိသားစုထဲမှ လူ ၅ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“တပ်က ပစ်နေတာက မနေ့ညကတည်းက လက်နက်ကြီးတွေနဲ့ တစ်ချိန်လုံးပစ်နေတာ။ အိမ်တွေပါ တုန်တယ်။ ဒီနက် ၉ နာရီလောက် လားရှိုး ၁ ရပ်ကွက် သာယာလမ်းထဲမှာ လက်နက်ကြီးကျည်ကျတယ်။ မိသားစုတစ်စုထဲက လူ ၅ ဦးသေတယ်။ ၆ ဦးလို့လည်း ပြောတယ်။ ကျနော်သိတာကတော့ ၅ ဦးတည်းပဲ။ အခုထက်ထိတော့ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လားရှိုးမြို့ထဲတွင် လူအသွားအလာ ကျဲသွားပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြကြောင်း၊ စစ်တပ်က လားရှိုးမြို့ ပတ်ပတ်လည်သို့ လက်နက်ကြီးများ၊ မစ်ဇိုင်းများဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ၊ လားရှိုး-တန့်ယမ်း-မိုင်းရယ်လမ်းမှာ ကားအသွားအလာ လုပ်မရတော့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article