27 C
Yangon

တောင်ဒဂုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို ဖမ်းဆီးသွားခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကုန်တိုင်း၊ ဒဂုံ​မြို့သစ်တောင်ပိုင်း၊ ၆၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က လူငယ်တချို့ကို မသင်္ကာမှုဖြင့် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီ ၅၈ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် ၆၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မင်းဂွန်းစျေးအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့် နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ကင်းလှည့်လေ့ရှိသည့်နေရာဖြစ်သော်လည်း ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲချိန်သည် ကင်းလှည့် စစ်ကြောင်း မရောက်ရှိမီ စော၍ ပေါက်ကွဲသွား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အထိအခိုက်မရှိကြောင်း သိရှိရသည်။

“ဗုံးထောင်ထားတဲ့နေရာက စစ်ခွေးတွေ အမြဲကင်းလှည့်ရင် ဖြတ်သန်းနေတဲ့နေရာ။ မနေ့ညကတော့ စစ်ခွေးတွေ လာလေ့ရှိတဲ့အချိန်မှာ ဗုံးကွဲတာဖြစ်ပေမယ့် စစ်ခွေးကင်းစစ်ကြောင်းက နောက်ကျပြီးမှ ရောက်လာလို့ ဗုံးမထိသွားဘူး။ စစ်ခွေးနဲ့ ဘောမတွေ လွတ်သွားတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က အမှတ် ၆၅ ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်များကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လူငယ်တချို့ကိုဖမ်းဆီးသွားကြောင်း၊ ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုကို တောင်ဒဂုံမှ ရပ်ကွက်များမှ ပြည်သူများ ကြားရကြောင်း ပြောဆိုကြသည်။

“မနေ့ညက အုန်းဆိုတဲ့ ဗုံးပေါက်ကွဲသံ ကြီးကို တောင်ဒဂုံ ၅၃၊ ၅၄၊ ၅၅၊ ၆၅၊ ၆၃ရပ်ကွက် တွေက အတိုင်းသားကြားလိုက်ရတယ်။ ဗုံးပေါက်သံက ပြင်းလွန်းတော့ အနီးအနားမှာရှိတဲ့ စက်မှုဇုန်နားက နေအိမ်နဲ့ အဆောင်တွေတောင် တုန်ခါသွားတယ်” ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article