26 C
Yangon

အရာတော်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်မှု စခန်းအတွင်း ကျရောက်

Must read

ရန်ကုန်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်မှု စခန်းအတွင်း ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၅ နာရီအချိန်အထိ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် တပ်စွဲထားသော အထိုင်တပ်ကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်စခန်း အတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၁ လုံးမှာ စစ်တပ် အဆောက် အဦးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ၆ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီဘက်က အထိအခိုက်ကတော့ စုံစမ်းနေဆဲပဲဖြစ်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို အရာတော်မြို့နယ် ပကဖ တိုက်နယ်အမှတ် ၄ တာဝန်ခံ မင်းသားကြီး ကွပ်ကဲမှုဖြင့် အရာတော်မြို့နယ် ပကဖ ရဲဘော်ပါကြီး ဦးစီသော အရာ​​​​​​​တော်မြို့နယ် ပ က ဖ တိုက်နယ်အမှတ် ၄၊ ၅၊ ၁၂ ၊ မုံရွာခရိုင်တပ်ရင်း ၆ ပူးပေါင်း အင်အား ၃၀ ဦးတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article