26 C
Yangon

လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လက်နက် ရိက္ခာများ လေယာဉ်ဖြင့် ကျဲချ၍ ပို့ဆောင်နေရ

Must read

လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လက်နက် ရိက္ခာများ လေယာဉ်ဖြင့် ကျဲချ၍ ပို့ဆောင်နေရ

ရန်ကုန်၊ ဇူလိုင် ၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးမြို့ ပတ်ပတ်လည်၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် တနေကုန် ပစ်ကူပေးနေကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ ပြုတ်ကျ၍ မြို့ပေါ် ရပ်ကွက်များကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လားရှိုးမြို့ မကျဆုံးရေး လက်ရှိချိန်တွင် အပြင်းအထန် ခုခံနေရပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများလည်း တနေ့ကုန် ပြုလုပ်နေကာ မြို့ပြင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လေကြောင်းဖြင့် လက်နက် ရိက္ခာများ ကျဲချ၍ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“လားရှိုးမြို့ပေါ်မှာ လေယာဉ်က တောက်လျှောက်ကို ဝဲနေတာ ဆင်တောင်ဘက်ကိုလည်း စစ်တပ်က လေထီးနဲ့ လက်နတ်တွေချပေးနေတယ်။ တိုက်ပွဲက မြို့ပြင်တွေမှာ တောက်လျှောက်ဖြစ်နေတာ ပတ်ပတ်လည်ပဲ မြို့တွင်းအခြေနေကတော့ ဆိုင်တွေပိတ်လမ်းတွေ ရှင်းနေတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ မြို့ပတ်ပတ်လည်ကို လက်နက်ကြီးမအောင်လို့ မြို့တွင်းကျ ရောက် ပေါက်ကွဲတာတွေရှိတယ်။ အိမ်တွေပေါ်ကျတာတွေလည်းရှိတယ်။ လူအထိခိုက်တော့ မရှိသေးဘူး” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

ယနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပန်အုပ်ဘုန်းကြီးကျောင်းရှိ ကားများ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article