28 C
Yangon

ရေဦးမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန် ၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ရေဦးမြို့မရဲစခန်းအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ရဲများ ထိခိုက်မှုရှိကြောင်း ရေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲအင်အား အများအပြားဖြင့် အထိုင်ချတပ်စွဲထားသော ရေဦးမြို့မရဲစခန်းအတွင်းသို့ Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်မှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ဒရုန်း ၂ စီးနဲ့ ၃ ခေါက်ကျဲခဲ့တာ။ အထိအခိုက်ရှိတယ်လို့တော့ သိရတယ်၊ အတိအကျ သိရဖို့ ထပ်မံ စုံစမ်းနေတုန်းပဲ။ သူတို့ဘက်က လေယာဉ်ကို လိုက်ပစ်တာတွေရှိတယ်၊G4 တွေ၊ MA 2 တွေနဲ့ ပြန်ပစ် တာ။ စခန်းထဲမှာက အဓိက ရဲတွေများတာ။ ခရိုင်ရဲမှူးတွေနဲ့ ရဲမိသားစုဝင်တွေများတာ၊ ပျူအနည်း ငယ်ကတော့ ရဲစခန်းရဲ့ အနီးက အမကကျောင်းဆောင်ထဲမှာ နေကြတာ။ အားကစားရုံထဲမှာလည်း ရှိတယ်၊ အဲဒီရဲစခန်းပတ်ချာလည်ပေါ့။ အဲဒါက ဘယ်နားကျကျ သူတို့ဟာတွေများတယ်။ မြို့ထဲမှာ အင်အားအနေနဲ့ ၃၀၀ ပတ်ချာလည်တော့ ရှိသေးတယ်” ဟု ရေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ရင်း ၊ ဒရုန်းတပ်စုမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article