31 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် ဂမ်ဘီယာဘက်ကနေ နိုင်ငံ ၇ ခုကို ပါဝင်ခွင့်ပြုလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ကြေညာလိုက်ပါတယ်။
  • မန္တလေးတိုင်းက စဉ့်ကူးမြို့နယ်မှာရှိတဲ့ ပင်လယ်ကြီး နယ်မြေ ရဲစခန်းကိုပါ တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်သား အယောက် ၃၀ ကျော် သေကုန်ကြပြီး ၊ စစ်သား တချို့ တပ်ပျက်ပြီး ထွက်ပြေးနေကြတယ်လို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ ပတ်ပတ်လည်မှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ၊ စစ်ကောင်စီတပ်စခန်းတချို့သိမ်းပိုက်ခံရတာတွေရှိနေသလို ၊ မြို့ထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးသွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article