31 C
Yangon

မိုးမိတ်ရှိ ရွှေသာယာတပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး နောင်ချို၊ မိုးကုတ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးမိတ်ရှိ ရွှေသာယာတပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး နောင်ချို၊ မိုးကုတ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် သီပေါ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းကို တအာင်းတပ်မတော် TNLA၊ PLA၊ PDF (513) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲနှင့် အကြမ်းဖက် စစ်ကောင်စီတို့ အကြား ဒုံးတပ် ၆၀၆ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဘန်ဘွေရွာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်းကို ယနေ့ နံနက် ၉ နာရီ ၄၇ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ်အထိ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁၂ လုံး ဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများ အတွင်း စစ်ဖြစ်ပွားရာ ဒေသများကို လေကြောင်းဖြင့် ၁၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့ ရှမ်းကျောင်း ဒေသ၌လည်း ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် သီပေါမြို့နယ် ဒုဌဝတီတံတားအနီးရှိ အကြမ်းဖက် စစ်တပ် စခန်းကို တအာင်းတပ်မတော် TNLA က ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မိုင်းရယ်မြို့နယ် နမ့်တုံ နှင့် ကုံးမုံရွာ ဒေသဘက်ကိုလည်း ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ပြီး တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်ကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article