27 C
Yangon

ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်

Must read

ဆန်၊ အခြေခံစားကုန်နှင့်ဆေးဝါးများ ရှမ်းမြောက်သို့ သယ်ယူမှုမှန်သမျှ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးရန် ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၄ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခြင်းများကို ပိတ်သိမ်းလိုက်ကြောင်း၊ လတ်တလော ယင်းဆိုင်များသို့ မည်သည့် ရောင်းချမှုကိုမှ မပြုလုပ်ရန် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် ၄၈ ဆိုင်အား နယ်မြေအခြေအနေအရ ယာယီပိတ်သိမ်းပြုလုပ်လိုက်ပြီဖြစ်ပါသဖြင် ဇူလိုင်လ ၄ ရက်နေ့ ရက်နေ့မှစတင်၍ PO ခွင့်ပြုမှု ယာယီရပ်ဆိုင်းရန်နှင့် ခွင့်ပြုပြီး PO များကို ထုတ်ပေးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန် လမ်းညွှန်မှုအရ အသိပေးအကြောင်းကြားပါသည်။” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းထံသို့ စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံ စားနပ်ရိက္ခာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်း များ၊ ဆေးရုံ၊ဆေးခန်းသုံးပစ္စည်းများ သယ်ယူခြင်းများအားလုံးကို စစ်ဆေးရေးဂိတ်များတွင် မဖြစ်မနေ စိစစ် စစ်ဆေး လုံး၀ (လုံး၀) တားမြစ်ရမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article