30 C
Yangon

၃ နှစ်တိုင်တိုင် ခုခံတော်လှန်မှုများကြောင့် မြန်မာနိုင်ငံမှာ နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တိုင်အောင် ခုခံတော်လှန်မှုများကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့က သတိပေးလိုက်သည်။

မြန်မာစစ်အုပ်စုသည် ၃ နှစ်တိုင်တိုင် အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ခုခံတော်လှန်မှုများကြောင့် နဂိုအတိုင်း ပြန်မဖြစ်နိုင်လောက်သည်အထိ အားနည်းသွားပြီဖြစ်ကာ နိုင်ငံအတွင်း အစိုးရအာဏာ ကျင့်သုံးရန်အတွက် လိုအပ်သော ထိန်းချုပ်မှုများလည်း မရှိတော့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိဖြစ်ရပ်များ၏ ဦးတည်ချက် လမ်းကြောင်းအား တစ်ဖက်သန်စွာ ဆုံးဖြတ်ရန် မဖြစ်နိုင်တော့ကြောင်း SAC-M က ထောက်ပြထားသည်။

မြန်မာ့အရေး​ ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မင်းအောင်လှိုင်က မူလ သဘောတူညီခဲ့သော်လည်း ၃ နှစ်ကျော်အကြာတွင် စစ်အုပ်စုက ယင်းသဘောတူညီချက် များကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်သော တွဲဖက်များအဖြစ် သတ်မှတ်၍ မရတော့ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ဆီလျှော်စွာ သက်ဆိုင်မှု ရှိစေလိုပါက မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ် များဖြစ်သည့် NUG ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ကာ အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး လုပ်ဆောင်ရန် SAC-M က အကြံပြုသည်။

အာဆီယံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးတို့အနေဖြင့် မြန်မာ့အရေး ဖြေရှင်း ချက်တစ်ရပ်ထွက်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံရှိ အသစ်သစ်သော အခြေအနေ အရှိတရားများကို သတိပြု ဖော်ထုတ်ဖြေရှင်းရန် SAC-M က အကြံပြု ထောက်ပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article