30 C
Yangon

လားရှိုးရှိ ခလရ ၆၈ တပ်နှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်စခန်းနှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” လားရှိုးမြို့နယ်၊ အထက်မန်အိုင်ကုန်းရှိ ခမရ ၅၀၇ တပ်နဲ့ လားရှိုးမြို့အဝင် ခလရ ၆၈ စခန်းကို မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေ အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ လက်ရှိ လားရှိုးမြို့နယ် ပတ်ပတ်လည်မှာ စစ်မျက်နှာကြီး ၅ ခုဖွင့်ပြီး တိုက်ခိုက်နေတယ်” ဟု မြောက်ပိုင်းမဟာမိတ်တပ်၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ကတည်းက လားရှိုးမြို့ပတ်ပတ်လည်တွင် မြောက်ပိုင်းမဟာမိတ်တပ်များက ၁၀၂၇ စစ် ဆင်ရေး ဒုတိယလှိုင်းဖြင့် ထိုးစစ်များ ဆင်နွှဲနေခြင်းဖြစ်ပြီး စစ်ကောင်စီက အပြင်းအထန်ခုခံလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ ကာကင်းစခန်းများကို တောက်လျှောက်သိမ်းပိုက်မှုများရှိနေပြီး စစ်သုံ့ပန်းများ၊ စစ်သားများ၏ အလောင်းများ၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိနေကြောင်း သိရှိရသည်။

လားရှိုးမြို့ပတ်ပတ်လည်တွင် ယနေ့ တတိယနေ့အဖြစ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ လားရှိုးမြို့မှ ပြည်သူများလည်း စစ်ဘေးရှောင်ရန် ကားများဖြင့် ထွက်ခွာနေကြကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့နှင့် ဇူလိုင်လ ၄ ရက်နေ့တို့တွင် လားရှိုးမြို့ထဲသို့ လက်နက်ကြီးများကျရောက်၍ ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီးနောက် လားရှိုးမြို့မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“လားရှိုးမြို့ မနက် ၅ နာရီနောက်ပိုင်း ယာဉ်တန်းနဲ့ စစ်ရှောင်တွေ ပြေးနေကြတာအရင်နေ့ထက်တိုးလာပါတယ်။ မွန်းလွဲ ၁ နာရီနောက်ပိုင်း လားရှိုးမြို့ပေါ်နဲ့ မြို့တပတ်လည် ရွာတွေကို ၂ ဖက်ပစ်ခတ်တဲ့ကျည်ဆန်တွေကျလာပါတယ်။ နောက်ပြီး အထက်မန်အိုင်ကုန်းရှိ ခမရ ၅၀၇ တပ်မှာ တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ အိမ်တွေပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်တွေ ကျနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့သို့ လေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းမှုများကို နေ့စဉ် လုပ်ဆောင်နေပြီး ယခုနောက်ဆုံး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ် ထောင်ချီ၍ လားရှိုးမြို့ပေါ်သို့ ခေါ်ယူ စစ်အင်အားဖြည့်ထားကြောင်း စစ်ကောင်စီ၏ စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article