26 C
Yangon

မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က KBZ နှင့် CB ဘဏ် များကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး သိန်း ၂ သောင်းကျော်ကို လုယူသွား

Must read

စစ်ကောင်စီတပ်သားအလောင်းတချို့၏ ကျောပိုးအိတ်များတွင် ခိုးယူထားသော ငွေကျပ် သိန်း ၅၀ နှင့်ကျောက်မျက်ရတနာများတွေ့ရှိရ

ရန်ကုန်၊ ဇူလိုင် ၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က KBZ နှင့် CB ဘဏ်များကို ဖောက်ထွင်းပြီး ငွေသားများ နှင့် ကျောက်မျက် ရတနာများ ယူဆောင်သွားကြောင်း TNLA က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ပွားခဲ့သော မိုးကုတ်မြို့အနောက်ပိုင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank များကို ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မျက်ရတနာများ စုစု ပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ယူဆောင်သွားခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နှင့် ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင် စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင် ထွက်ပြေးခိုးအောင်းနေခဲ့ကြောင်း သိရှိရသည်။

TNLAနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်းခိုးအောင်းနေသည့် စစ်ကောင်စီတပ်များကို တွေ့ရှိ ရှင်းလင်းခဲ့ရကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်က KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မျက်ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက်အထားများ တွေ့ရှိရပြီး စစ်ကောင်စီအလောင်း တစ်ဦးချင်းစီ၏ ကျောပိုးအိတ်တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက် မျက်ရတနာများ တွေ့ရှိရကြောင်း TNLA ကဆိုသည်။

မိုးကုတ်မြို့တွင် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ ၈၈ ၊ ခလရ ၇၈ ၊ ခလရ ၁၄၈ နှင့် မိုးကုတ်ဗျုဟာတို့ တပ်စွဲ အခြေချခဲ့ကြပြီး တိုက်ပွဲကာလအတွင်း အဆိုပါတပ်များက KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက် မျက်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article