29 C
Yangon

၃ နှစ်ကျော်ကြာသည်အထိ ဖရဲသီးနှိမ်နင်းရေးစီမံချက် မအောင်မြင်၍ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူရမည်ဟု မင်းအောင်လှိုင် အမိန့်ထပ် ပေးပြန်

Must read

၃ နှစ်ကျော်ကြာသည်အထိ ဖရဲသီးနှိမ်နင်းရေးစီမံချက် မအောင်မြင်၍ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူရမည်ဟု မင်းအောင်လှိုင် အမိန့်ထပ် ပေးပြန်

ရန်ကုန်၊ ဇူလိုင် ၆

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းခဲ့မှုသည် ၃ နှစ်ကျော်ကြာလာပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ သတင်းများ ပြင်ပသို့ ပေါက်ကြားစေရေး ကူညီပေးနေသော ဖရဲသီးများ နှိမ်နင်း ရေး မအောင်မြင်သည့်အတွက် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့် ပေးပြန်သည်။

နေပြည်တော်တွင် ယမန်နေ့ ကျင်းပ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အစည်းအဝေး အမှတ် ၅ / ၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ လုံခြုံရေး၊ စစ်ရေး အပါအဝင် ဝန်ကြီးဌာနဆိုင်ရာ သတင်းများ မကြာ ခဏ ပေါက်ကြားခဲ့သည့်အတွက် စစ်ကောင်စီအတွင်း ဖရဲသီးနှိမ်နင်းရေး စီမံချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလတွင် စတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့ရာတွင် ၃ နှစ်ကျော်ကြာချိန်အထိ ဖရဲသီးနှိမ်နင်းရေး မအောင်မမြင်ဖြစ်ခဲ့ရ၍ ယမန်နေ့ စစ်ကောင် စီအစည်းအဝေးတွင် ဖရဲသီးနှိမ်နင်းရေးအတွက် မင်းအောင်လှိုင်က ထပ်မံ၍ အမိန့် ပေး ညွှန်ကြားခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်း အောင်လှိုင်က လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရန် အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာ အချက် အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေး ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ပေး ပြောဆိုသွားသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေ ဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်း၊ စနစ်တကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်ကောင်စီက ဖရဲသီးနှိမ်နင်းရေးစီမံချက်ဖြင့် ဝန်ကြီး နှင့် ဌာနဆိုင်ရာ အရာရှိကြီးတချို့ကို အရေးယူခဲ့ရာတွင် အဆင့်မြင့်ဆုံးစစ်ဗိုလ်ချုပ်တစ်ဦးကို အရေးယူမှုအဖြစ် ပြည်ထဲ ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ကိုအကြမ်း ဖက်မှုတားဆီးတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အစည်းအဝေး မှတ်တမ်းပေါက်ကြား မှုအတွက် တာဝန် ရှိသည်ဟုဆိုကာ ရာထူးမှ ထုတ်ပယ် အရေးယူ ထောင်ချမှု များ ဆောင်ရွက်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article