26 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်

ရန်ကုန်၊ ဇူလိုင် ၆

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်ဝန်းကျင် စျေးပေါက်ခဲ့ပြီး အခေါက်ရွှေစျေးမှာမူ တစ်ကျပ်သားလျှင် ၅၇ သိန်း ၈ သောင်းဖြင့် စျေးဖွင့်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေစျေးမှာ ၅၇ သိန်း ခွဲသို့ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး ယမန်နေ့ ညနေပိုင်း ၅၇ သိန်းခွဲဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

“အရွက်ရော ရွှေစျေးရော စျေးပြန်တက်ပါတယ်။ အဝယ်အရောင်းကတော့ ပြင်ပမှာ အရောင်းအဝယ်ဖြစ်ပါတယ်။ အချင်းချင်း ချိတ်ဆက်ရောင်းဝယ်ကြတယ်။ ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့တွင်လည်း ဒေါ်လာစျေးနှင့် ရွှေစျေးနှုန်းသည် ယမန်နေ့ စျေးအတိုင်း အနည်းငယ်မျှသာ အတက်အကျရှိနိုင်ပြီး ကမ္ဘာ့ရွှေဈးမှာမူ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၆၀ ဝန်းကျင်တွင် စျေးပေါက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article