26 C
Yangon

မြန်မာစစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် ဒီမိုကရေစီ အောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ ဆိုးလ်မြို့ အထိ ၂၁ ရက်အကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်

Must read

မြန်မာစစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် ဒီမိုကရေစီ အောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ ဆိုးလ်မြို့ အထိ ၂၁ ရက်အကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်

ရန်ကုန်၊ ဇူလိုင် ၆

မြန်မာစစ်အာဏာရှင်စနစ် ကျရှုံးရေးနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ဆိုးလ်မြို့အထိ လမ်းလျှောက် ဆန္ဒထုတ် ဖော်ခြင်းကို ၂၁ ရက်ကြာ လုပ်ဆောင်မည် ဖြစ်ကြောင်း Myanmar Youth Activistsမှ CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ၂၁ ရက်အကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်၍ ဇူ လိုင်လ ၇ ရက်နေ့တွင် ဘူဆန်ဘူတာကြီးရှေ့တွင် နံနက် ၁၁ နာရီအချိန် သတင်း စာရှင်းလင်းပွဲ လုပ်ကာ ဆန္ဒထုတ်ဖော်ပွဲကို ဂင်မဲမြို့သို့ လမ်းလျှောက်ချီတက်ခြင်းဖြင့် စတင်မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ခြင်းကို တောင်ကိုရီးယားရောက် မြန်မာများအနေနှင့် Busan To Seoul အစအဆုံး မလိုက်ပါနိုင်ပါက မိမိအားဖြည့်နိုင်သလောက်လိုက်ပါအတူချီတက်လမ်းလျှောက်ဆန္ဒပြခြင်း၊ ရောက်မည့်မြို့တွင် ဆန္ဒပြပွဲပြုလုပ်မည့်နေရာတွင် ကြိုစောင့်အားဖြည့်ခြင်း၊ လမ်းအတူလိုက်လျှောက်အားဖြည့်ခြင်းမျိုးနှင့် အားဖြည့်ဝန်းရံနိုင်ကြောင်း Myanmar Youth Activists ထံမှ သိရှိရသည်။

အဆိုပါ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ လုပ်ဆောင်ရခြင်းသည် ပြည်သူ့အာဏာကို မတရားအကြမ်းဖက်ရယူကာ ပြည်သူများနှင့် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည့် စစ်အာဏာရူးများကို အမြစ်ပြတ်ချုပ်ငြိမ်းသွားစေရန် တော်လှန်နေသည်ကိုကမ္ဘာက သိစေရန်နှင့် ပြည်တွင်းရှိ ပြည်သူများ၊ ရဲဘော်များနှင့် အတူရှိကြောင်းပြသရန်အတွက်ဖြစ်ပြီး တောင်ကိုရီးယားရောက်တော်လှန်ညီအစ်ကိုမောင်နှများ အားလုံးတတ်နိုင်သည့်ဘက်က ဝန်းရံပေးကြရန် Myanmar Youth Activists (South Korea) က နှိုးဆော်ထားသည်။

ဘူဆန်မှ ဆိုးလ်မြို့တော်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်၍ အချိန်၊ နေရာ၊ နေ့ရက်အပြည့်စုံအသေးစိတ်ကို သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး သပိတ်စစ်ကြောင်းတစ်လျှောက်လှုပ်ရှားမှုများကို အဆက် မပြတ်ထုတ်လွှင့်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article