26 C
Yangon

မတ္တရာမြို့နယ်ရှိ စစ်စခန်း ၂၅ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ ပျူစာထီးများ လက်နက်ချ အလင်းဝင်

Must read

မတ္တရာမြို့နယ်ရှိ စစ်စခန်း ၂၅ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ ပျူစာထီးများ လက်နက်ချ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၂၅ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကာ ပျူစာထီးများ လက်နက်ချ အလင်းဝင်ရောက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြိုနယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး လက်ရှိချိန်တွင် စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့ အပါအဝင် ရန်သူ့တပ်စခန်း စုစုပေါင်း ၂၅ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း အကြမ်းဖက် စစ်တပ် ထံမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက်နက်ခဲယမ်း အများအပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြိုနယ်အတွင်း စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲတို့က ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်များသည် မန္တလေး PDF တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်မှုများ ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article