26 C
Yangon

ရန်ကုန်မြို့တွင် ကျောင်းသား လူငယ်များက ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်မြို့တွင် ကျောင်းသား လူငယ်များက ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်မြို့တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို GSC နှင့် မဟာမိတ်သပိတ်ကော်မတီများက ပူးပေါင်းပြုလုပ်ခဲ့ပြီး “စစ်အာဏာရှင်အခက် ပြည်သူလူထုအချက်” ဘန်နာ ကိုင်ဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူလူထု ကြုံတွေ့နေရသော အကြပ်အတည်းများ အတွက် လူထုတိုက်ပွဲ အသွင်ဆောင်ရေး တပ်လှန့်သံများနှင့် အတူ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြောင်း သပိတ်တွင် ပါဝင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article