24 C
Yangon

ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရ

Must read

ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရ

ရန်ကုန်၊ ဇူလိုင် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်စခန်းကုန်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ် လယ်ကြီးရွာ နတ်စင်အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၂၁ ၊ ခလရ ၃၄၈ တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ၆၀၆ ဒုံးတပ် စခန်းတွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၁၀ ကြိမ်၊ Y12 ဖြင့် ဗုံး ၅၀ လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် ၁၀ မိုင်ကုန်း ကြားတွင် အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၂ ကြိမ် ဗုံးကျဲ ခဲ့ကြောင်း၊ မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article