24.4 C
Yangon

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ည ၈ နာရီ ၅၅ မိနစ်အချိန် Yangon Army (YA)၊အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သား စုဆောင်းရေးတပ်၊ လုံခြုံရေးဂိတ်ရှိ စစ်သားများကို ပြင်အားမြင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်မှ ပြည်သူတချို့ကလည်း ယမန်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် ပေါက်ကွဲသံ ၂ ချက်ကြားရကြောင်း အတည်ပြုပြောဆိုကြသည်။

ပြည်သူလူထုအပေါ် မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော မင်းအောင်လှိုင်နှင့် ဆက်စပ်နေသူများ၊ တရားမှုမရှိသော ဥပဒေများ ထုတ်ပြီး ပြည်သူလူထုကို ဖိနှိပ်နေသူများ၊ စစ်မှုမထမ်းမနေရ ဥပဒေကို အားပေးအားမြှောက်ပြုနေသော အုပ်ချုပ်ရေးမှူးများအားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ပြ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article