26 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေခံရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းဒေသ တော်လှန်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း နယ်မြေရဲစခန်းကိုတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မတ္တရာမြို့နယ်ဘက်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

“မင်းကွန်းနယ်မြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်တွေကဝင်တိုက်ကြတာ။ တိုက်ပွဲဖြစ်နေလို့ ကျနော်တို့မိသားစုက တော့ လွတ်ရာကို ထွက်ပြေးလာခဲ့တယ်။ ရွာထဲမှာ ပိတ်မိသူတွေလည်း ရှိတယ်။ ညအချိန်ထွက်ပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ဘူး။ မတ္တရာအရှေ့ဘက်ကမ်းကနေလည်း လက်နက်ကြီးနဲ့ ပစ်တာတွေလည်းရှိတယ်။ လူအထိခိုက်ကတော့ အခုအချိန်အထိမရှိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မင်းကွန်းနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားချိန်သည် ၁နာရီခန့်ကြာမြင့်ပြီးစစ် ကောင်စီဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး၁ဦး သေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး က ရှင်းပြသည်။

“ကျနော်တို့က ရဲစခန်းအနီးအထိသွားပစ်တာဗျ။ စစ်ခွေးတွေဘက်လည်း ပြန်ပစ်တယ်။ အထိခိုက်အကျဆုံးကတော့ စခဘက်က တော့ရဲတစ်ဦးနဲ့ပျူတစ်ဦး သေဆုံးတယ်။ကျနော်တို့ဘက်က အထိခိုက် တော့မရှိခဲ့ဘူး။အဲဒီမင်းကွန်းရဲစခန်းကို စခန်းသိမ်းဖို့သွားတာပါပဲ။ ကျနော်တို့ဘက်က ကျည်အင်အားမရှိတာ့ နောက်ပြန်ဆုတ်ခဲ့ရတယ်ဗျ။ စခန်းသိမ်းနိုင်ဖို့ ကျည်ဖိုးလည်း ကူညီကြပါဦး” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ဝက်လက်ကိုကျားကပြောဆိုသည်။

မင်းကွန်းနယ်မြေရဲစခန်းကို တိုက်ခိုက်မှုတွင် ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့က ဦးဆောင်ပြီးရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ BO-TIGER (ဗိုလ်ကျားကြီး)တပ်ဖွဲ့၊ တောဒေါင်းနီ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလူးညီနောင် -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများက ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article