28 C
Yangon

ရန်ကုန်တက္ကသိုလ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်တက္ကသိုလ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တက္ကသိုလ်အတွင်း ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆင်းရဲကျပ်တည်းမှုရဲ့ တရားခံ စစ်အုပ်စုသာလျှင် တရားခံ”၊ “ကျည်နဲ့ပေးရင် သွေးနဲ့ရေးတဲ့သမိုင်း ဆဲဗင်းဂျူလိုင်မှသည် ထာဝစဉ်အဓွန့်ရှည်ပါစေ” စာသားများနှင့် ဆဲဗင်းဂျူလိုင်ကာလ ဓာတ်ပုံများကိုင်စွဲပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article