28 C
Yangon

သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားဟု AA ပြော

Must read

သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားဟု AA ပြော

ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေ ယာဉ် ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။

သံတွဲမြို့နယ်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး နေ့တိုင်းနီးပါး တိုက် ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်တပ် တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် စစ်တပ်က သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့ကြောင်း၊ သို့သော်လည်း စစ်အင်အား ၁၀၀ ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက် နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများကို ဇူလိုင်လ ၆ ရက်၊ နံနက် ၁၁ နာရီခန့်အချိန်တွင် လည်းကောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ စစ်အင်အား ၄၀၀ ခန့်ဖြင် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးကို ဇူလိုင်လ ၅ ရက်၊ နံနက် ၆ နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း AA က ကြေညာသည်။

သံတွဲဒေသတိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် စစ် သား အလောင်းများကို သဂြိုလ်ပေးခဲ့ကြောင်း၊ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ ၅၅ တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article