30 C
Yangon

လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်နေပြီး ပြည်သူများ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေသဖြင့် စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေ

Must read

လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်နေပြီး ပြည်သူများ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေသဖြင့် စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေ

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များသို့ ဆက်တိုက်ပစ်ခတ်နေပြီး ပြည်သူများမှာလည်း စစ်ဘေးရှောင်ရန် ကြိုးပမ်းနေကြရာမှ စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီအချိန် လားရှိုးမြို့နယ်၊ အထက်မန်အိုင်ရှိ ခမရ ၅၀၇ တပ်ရင်းကို MNDAA တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲမှ နေ၍ လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့မှ ပြည်သူများမှာ စစ်ဘေးရှောင်ရန်အတွက် ကားများဖြင့် မြို့ကို ထွက်ခွာရန် ကြိုးစားကြရာ မြို့အထွက်တွင် ကားရာပေါင်းများစွာ ပိတ်မိနေကြောင်း သိရှိရသည်။

“လားရှိုးမှာ ရမခထဲကနေ လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတယ်။ ဂျက်ဖိုက်တာတွေလည်း ဝဲနေတယ်။ ပြည်သူတွေကတော့ မနက်ကတည်းက ထွက်ခွာဖို့ ကြိုးစားနေကြတာ။ စစ်ဘေးရှောင်ကားတွေက မြို့ဝင်မုဒ်ဦးအတွင်းကနေ မယ်ဟန်ဂိတ်ထိပိတ်နေတယ်။ တချို့တွေလည်း ပြန်လှည့်လာကြတယ်။ မြို့ပေါ်မှာတော့ လူက ၆၀ ရာခိုင်နှုန်းကျော်လောက် ထွက်သွားကြပြီ။ ၄၀ရာခိုင်နှုန်းလောက်တော့ ကျန်သေးတယ်” ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို အချိန်မီရှောင်တိမ်းရန် ၃ နာရီအချိန်ပေးထားသည်ဆိုသော သတင်းစကားများလည်း ပြန့်နှံ့နေပြီး မည်သည့်အဖွဲ့က ထိုသို့ သတိပေးသည်ကို စစ်ဘေးရှောင် ပြည်သူများက အတည်ပြုနိုင်ကြခြင်း မရှိပေ။

“အခုက ဇူလိုင်လ ၈ ရက်နေ့ မယ်ဟိန်ဂိတ်ဖွင့်ပေးမယ်။ နောက်ဆုံးထားထွက်ကြ။ ၃ နာရီအချိန်ပေးမယ်။ ထွက်ဆိုတာမျိုးတွေ သတင်းတွေက ထွက်နေတော့ အကုန်လုံး ထွက်နေကြတာ။ ဘယ်အဖွဲ့က ဘယ်လို သတိပေးတာလဲတော့မသိဘူး။ သတင်းစကားတွေက ထွက်နေတော့ အကုန် ထွက်ခွာကြတာ။ မထွက်ရင်လည်း လက်နက်ကြီးကျလို့ ရှေ့မှာတင် သေနေတာ ၂၀ လောက်ရှိနေပြီလေ။ အဲဒါကြောင့် အကုန် ပြေးနေကြတာ” ဟု လားရှိုးမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့မှစတင်​ပြီး MNDAA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article